ပူတာအို၌ ကိုရီးယားသုတေသနဓာတ်ခွဲခန်း တည်ဆောက်မှု ၈၅ ရာခိုင်နှုန်း ပြီးစီး
ကချင်ပြည်နယ် ပူတာအိုမြို့ရှိ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးအတွင်း ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားဇီဝအရင်းအမြစ်သိပ္ပံဌာန(National Institute of Biological Research) နှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းတည်ဆောက်နေသည့် ကိုရီးယားသုတေသန ဓာတ်ခွဲခန်း ဆောက်လုပ်ပြီးစီးမှုမှာ ဩဂုတ် ၁ ရက်ထိ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်မောင်းထံမှ သိရသည်။







