မြဝတီမြို့၌ (၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့ ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဗောဓိတထောင် ဆင်စခန်း တက်ရောက်ဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီးသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍
တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ ငွေကျပ် ၁၉၂ သိန်းကျော်တန်ဖိုးရှိ ခြင်ဆေးဖျန်းစက် ခုနစ်လုံးလှူဒါန်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မီးလင်းရေးကော်မတီက ငွေကျပ် ၁၉၂၅၀ဝ၀ဝ ခန့်တန်ဖိုးရှိ ခြင်ဆေးဖျန်းစက် ခုနစ်လုံးအား ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီသို့ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်က ဆန်ဆိုင်းအခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြောက်ဦးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေ ရေကြီးရေလျှံမှုသည် ဇူလိုင် ၁၂ ရက်မှ ယနေ့အထိ ရေကြီးနစ်မြုပ်လျက်ရှိရာ
ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားမှုမရှိစေရေး ငပုတောမြို့၌ အကောင်အထည်ဖော်နေ
ရာသီတုပ်ကွေးရောဂါသည် နှစ်စဉ်မိုးရာသီနှင့် ဆောင်းရာသီ အကူးအပြောင်းကာလများတွင် ဖြစ်ပွားမှုများပြားလျက်ရှိပြီး ယခုနှစ်တွင်ဖြစ်ပွားလျက်ရှိသော ရာသီတုပ်ကွေးရောဂါ H1 N1 သည် ကမ္ဘာ့နိုင်ငံများတွင်လည်း နှစ်စဉ်ဆက်လက်ကူးစက် ပြန့်ပွားလျက်ရှိသည်။
ကံမမြို့နယ်တွင် ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ စည်ပင်သာယာမြို့မဈေးတွင် ယနေ့နံနက်က မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်  ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျှော့ချရေး ဈေးရောင်းဈေးဝယ်များအား ကြွပ်ကြွပ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူများသုံးစွဲရန် အသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။