ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သံလျင်မြို့နယ်အတွင်း နွေစပါးနှင့် ဆောင်းသီးနှံ ပဲအမျိုးမျိုး စိုက်ပျိုးနိုင်ရန်အတွက် ရေပေးဝေလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သံလျင်မြို့နယ်အတွင်း စပါးစိုက်တောင်သူများ နွေစပါးနှင့် ဆောင်းသီးနှံပဲအမျိုးမျိုး စိုက်ပျိုးနိုင်ရန်အတွက် ဘော့ချောင်း ရေငန်တားတာနှင့် ဆေးလုံးကြီးချောင်းစောက် ရေငန်တားတာ နှစ်ခုအတွင်း၌ ရေထိန်းတံခါးများမှတစ်ဆင့် မူလချောင်းမြောင်း တစ်လျှောက်တွင် သိုလှောင်ဖြည့်တင်းရေများ အချိန်မီပေးဝေလျက်ရှိကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဂန့်ဂေါမြို့နယ် ကန်သာရွာတွင် သုတစေညွှန် စာကြည့်တိုက်ဖွင့်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကန်သာရွာတွင် သုတစေညွှန် စာကြည့်တိုက်ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်း လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀ဝ၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၃၅ ခု ဆောင်ရွက်သွားမည်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း လွှတ်တော်ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၃၅ ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်
ဘုံလုံးအိုင်ကျေးရွာ၌ ရတနာမာန်အောင် ဆုတောင်းပြည့်စေတီတော် ရွှေထီးတော် ဆက်ကပ်တင်လှူပွဲ အခမ်းအနားကျင်းပ
ခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဇီးပင်အုပ်စု၊ ဘုံလုံးအိုင်ကျေးရွာရှိ ရတနာမာန်အောင် ဆုတောင်းပြည့်စေတီတော် ရွှေထီးတော်ဆက်ကပ်တင်လှူပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီ မိနစ် ၂၀ က ကျင်းပရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သာယာဝတီခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ မိုးညိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်းနှင့် ဦးဝင်းကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့သည်။
ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံး သန်ချဆေးပေါင်းတိုက်ကျွေးခြင်းလုပ်ငန်း အသိပညာပေးဆွေး နွေးပွဲကျင်းပ
မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ ဆင်ခြေထောက်ရာဂါ ကင်းဝေးရေး သန်ချဆေးပေါင်းတိုက်ကျွေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းမှ အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မြင့်က ဆင်ခြေထောက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဗဟုသုတများအား  ရှင်းလင်းပြောကြားသည်။
နွေရာသီ ဒီဂျစ်တယ်နည်းပညာသင်တန်း ကြံခင်း၌ဖွင့်
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့၌ နွေရာသီ ဒီဂျစ်တယ်နည်းပညာသင်တန်းကို ဇန်နဝါရီ ၁၉ ရက်မှစတင်၍ ဧပြီလအထိ အလင်းအိမ်(ကြံခင်း)၌ ဖွင့်လှစ်ခဲ့သည်။
မြဝတီမြို့၌ စားသုံးသူရေးရာနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြော
စားသုံးသူရေးရာနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ် မြဝတီမြို့ရှိ အမှတ်(၅)ရပ်ကွက် ဝါးတောစိုက်ပျိုးရေးဇုန်တွင် ပြုလုပ်ခဲ့သည်။