သဖန်းဆိပ်ဆည်မှ လျာထားဧရိယာများကို ဖေဖော်ဝါရီ ၇ ရက်မှစ၍ ဆည်ရေပေးဝေမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သဖန်း ဆိပ်ဆည်ရေဖြင့် စိုက်ပျိုးထားသော မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာလာမည့် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရန် လျာထားဧရိယာများကို ဖေဖော်ဝါရီ ၇ ရက်မှစတင်၍ ဆည်ရေပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။
ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုများ ၂ဝ၁၈ ခုနှစ်အတွက် စာမူပေးပို့ရက် တိုးမြှင့်သတ်မှတ်
ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုများ ၂ဝ၁၈ ခုနှစ် အတွက် စာမူပေးပို့ရန် နောက်ဆုံး တင်သွင်းရမည့်ရက်ကို မူလက ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်ကို သတ်မှတ်ထားသော်လည်း ယခုအခါ ပြိုင်ပွဲဝင်စာမူတင်သွင်းရန် နောက်ဆုံးရက်ကို ၂ဝ၁၉ ခုနှစ် မတ် ၈ ရက်အထိ တိုးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။
ဆောင်းခိုငှက်များ ထိန်းသိမ်းရေးနယ်မြေ အသိအမှတ်ပြုခြင်း အခမ်းအနား ဘိုကလေး၌ပြုလုပ်
မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား နိုင်ငံတကာအသိအမှတ်ပြု ဆောင်းခိုငှက်များ ထိန်းသိမ်းရေးနယ်မြေအဖြစ် အသိအမှတ်ပြုခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုသည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ နိုင်သက်လွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာကြပြီး ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရောက်ရှိကြသည်။
ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဒုတိယဝန်ကြီး Ms. Toshiko Abe နှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့ မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာ၊ လှဖိုးခေါင်ကြားစခန်း၊ ရွှေဇားကျေးရွာနှင့် ပန်းတောပြင်(အလယ်)ရွာတို့သို့ လိုက်လံကြည့်ရှု
ဂျပန်နိုင်ငံနိုင်ငံခြားရေး ဒုတိယဝန်ကြီး Ms. Toshiko Abe နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာ၊ လှဖိုးခေါင်ကြားစခန်း၊ ရွှေဇားကျေးရွာနှင့် ပန်းတောပြင်ကျေးရွာတို့သို့ လိုက်လံကြည့်ရှုသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း အောင်ပွဲအခမ်းအနား တက်ရောက်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာတွင် ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဆောင်ရွက်ပြီးစီးခဲ့သည့် လျှပ်စစ်ဗို့အား မြှင့်တင်ခြင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ အဆင့်တိုးမြှင့်ခွင့်ရရှိခြင်း၊ ကုန်ထုတ်လမ်းတံတား တည်ဆောက်ခြင်း၊ ကျေးလက်ဆေးပေးခန်း တည်ဆောက်ခြင်း၊ စာကြည့်တိုက် အဆောက်အအုံ တည်ဆောက်ပြီးစီးခြင်း အထိမ်းအမှတ် ကျေးရွာဖွံ့ဖြိုးရေးအောင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်သည်။
ပထမအကြိမ် Mandalay Yatanar Mall အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ(၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပ
ပထမအကြိမ် Mandalay Yatanar Mall အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ(၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနှင့် ၃၄ လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာ၌ ကျင်းပသည်။