ငါးထပ်ကြီးမြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပ
မဟာသကျ အတုလမာရ်အောင်ဘွဲ့တော်ဆောင်သော ငါးထပ်ကြီးမြတ်စွာဘုရား၏ (၁၁၈) နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ စာရေးတံမဲ ငွေပဒေသာပင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈) နာရီက အဆိုပါ ဘုရားရင်ပြင်တော်၌ ကျင်းပသည်။