ပဲခူးမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် UNDP တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက  ပဲခူးမြို့ မြို့တော်ခန်းမ၌  ကျင်းပသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကယားပြည်နယ်အတွင်းရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ နိုင်သက်လွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည့် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ (ပြည်သူ့၊ အမျိုးသား၊ ပြည်နယ်)နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လမ်းညွှန်အမှာစကား ပြောကြားသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး တာချီလိတ်မြို့၌ ပြန်လည်လွှဲပြောင်းပေးအပ်
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးကို ထိုင်းနိုင်ငံ တာဝန်ရှိသူများက မြန်မာနိုင်ငံဘက်သို့ ယနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား၌ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နာဂဒေသ ဖွံ့ဖြိုးရေးအတွက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၊ နာဂမျိုးနွယ်စု တိုင်းရင်းသားခေါင်းဆောင်များ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို)မှ တာဝန်ရှိသူများနှင့် ယနေ့နံနက် ၈ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ တောင်ဇလပ်ရိပ်သာ၌ တွေ့ဆုံကာ နာဂဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးသည်။
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်) ကြည့်ရှုလေ့လာ 
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတိုရှိကိုအာဘေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ် သာလမ်းရှိ နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)သို့ ရောက်ရှိပြီး YUFL IR Office ရုံးခန်း၌ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများအား တွေ့ဆုံသည်။
ချောင်းဦးမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း သင်တန်ဖွင့်
ကျေးလက်နေပြည်သူများ၏ လူမှုဘဝ အဆင့်မြှင့်တင်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း သင်တန်းဖွင့်ပွဲကို
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးတို့တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး မစ္စတိုရှိကိုအာဘေးတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မေခလာခန်းမ၌ တွေ့ဆုံကြသည်။