ပဲခူးမြို့ပေါ်ကျောင်းများမှ ဆရာဆရာမများအား ရှန်တီ(SVA)ဂျပန်စေတနာ့ဝန်ထမ်းအဖွဲ့မှ သင်တန်းပေး
ယနေ့ နံနက်ပိုင်းက ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ပဲခူးမြို့ပေါ်ရှိ ကျောင်းများမှ ဆရာမများအား ရှန်တီ(SVA) ဂျပန်စေတနာ့ဝန်ထမ်းအဖွဲ့က သင်တန်းများ ပို့ချပေးကြောင်း သိရသည်။








