မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ သက်ရှည်ကျန်းမာပြီး မိသားစုဘဝ စိတ်အေးချမ်းသာစွာ နေထိုင်သွားနိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အကြောအဆစ်ပညာရှင်များအသင်း (Myanmar Physiotherapy Association)မှ ဒေါက်တာ ဒေါ်မိမိရီ ဦးဆောင်သော အကြောအဆစ်ပညာရှင် ၄၅ ဦးအဖွဲ့သည် ပုဂံမြို့ ပန်းတော်ကုသိုလ်ပြု ဆေးခန်းတာဝန်ခံ ဒေါ်မော်မော်အောင် ဦးဆောင်သော ကျန်းမာရေးဆရာ၊ ဆရာမများအဖွဲ့နှင့် ပူးပေါင်း၍ ဇန်နဝါရီ ၁၂ ရက် နံနက် ၈ နာရီက ပုဂံမြို့ရတနာဘုံစံတောရ ဓမ္မရိပ်သာကျောင်းတိုက်သို့ လာရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများကို အခမဲ့ကျန်းမာရေးပြုစုကုသခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။