သန်လျင်၌ စာပေဟောပြောပွဲ၊ ဆုပေးပွဲနှင့် စာပေပညာရှင်ကြီးများအား ကန်တော့ပွဲကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော စာပေဟောပြောပွဲ၊ ဆုပေးပွဲနှင့် စာပေပညာရှင်ကြီးများအား ကန်တော့ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၂ ရက် ညနေ ၆ နာရီက သန်လျင်မြို့၊ မြို့သစ်အရှေ့ရပ်ကွက်၊ ပြည်တော်သာလမ်း (ယခင်-ရာဘာလမ်း) ရှိ ငြိမ်းချမ်းရေးကွင်း၌ ကျင်းပခဲ့သည်။
မအူပင်တက္ကသိုလ်၏ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မအူပင်တက္ကသိုလ်၏ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။
မြောင်းမြတံတားအသစ် သံပေါင်တင်အပြီးသတ် နောက်ဆုံးအစိတ်အပိုင်း ရွှေမူလီတပ်ဆင်ပေးခြင်း မင်္ဂလာအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ရှိ မြောင်းမြတံတားအသစ် သံပေါင်မင်္ဂလာ နောက်ဆုံးအစိတ်အပိုင်း တပ်ဆင်ပေးခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက် နံနက် ၇ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သံဂဟေဆက်သင်တန်း ဖွင့်လှစ်ပေး
ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ သံဂဟေဆက်သင်တန်း ဖွင့်ပွဲကို ဇန်နဝါရီ ၁၂ ရက်က လယ်မကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ရာ ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်လွင်က အမှာစကားပြောကြားသည်။ 
စလင်းမြို့နယ်၌ သက်ကြီးရွယ်အို အဘိုးအဘွားများနှင့် မသန်စွမ်းသူများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပ ပြုလုပ်သည့် သက်ကြီးရွယ်အို အဘိုးအဘွားများနှင့် မသန်စွမ်းသူများအား လူမှုရေးပင်စင် ထောက်ပံ့ငွေအပ်ပွဲကို
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိခင်ဝိုင်းများ ဖွင့်လှစ်ခြင်း၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အို ထောက်ပံ့ခြင်းများ ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ရွှေဂူကြီးဘုရားဓမ္မရုံ၌ ကျင်းပသော မြင်းမူမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနှင့် မိခင်ဝိုင်းများ ထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်သည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၃)ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ (၂၃)ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ....