ပျဉ်းမနားမြို့နယ်အတွင်း အမှိုက်များကင်းရှင်းစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မျှဝေသောလက်များ (ပျဉ်းမနား) အသင်းမှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၊ မြတ်ပညာမီးအိမ်ကိုယ်ပိုင် အထက်တန်းကျောင်း၊ SEC day special သင်တန်းနှင့် ရွှေအောင်လံဘော်ဒါတို့ ပူးပေါင်းပါဝင်ကာ ယနေ့ နံနက် ၆ နာရီမှစ၍ မြို့နယ်အတွင်း အမှိုက်များနှင့် အညစ်အကြေးများကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြောင်း သိရသည်။