စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကမ္ဘာ့ဘဏ်၏ The World Bank Environment and Natural Resources Program မှ Regional Manager , Mr. Christophe Crepin နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။