ငါန်းဇွန်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေစကားဝိုင်းကျင်းပ
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ အလင်းသစ်လူငယ်စာပေအဖွဲ့မှ စာပေစကားဝိုင်း ကျင်းပသည်။