ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့်  ဒေါက်တာမျိုးသိမ်းကြီးတို့ မူပိုင်ခွင့်ဌာနအား လွှဲပြောင်းဖွဲ့စည်းမည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် 

ပညာရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဌာနအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းဖွဲ့စည်းမည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်အဝေးခန်းမ၌ ကျင်းပသည်။
ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Supreme Trading Company Limited အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် Supreme Trading Company Limited အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာ၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များပေးအပ်
လယ်ယာမြေလုပ်ပိုင်ခွင့်ပြု(ပုံစံ-၇) လက်မှတ်ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
ဒုတိယသမ္မတ ဦးမြင့်ဆွေ (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား
၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ..........
ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် GE International Inc. အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် တို့သည် GE International Inc. အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် မိတ်ဆက်ပွဲအခမ်းအနား နေပြည်တော်၌ ကျင်းပမည်
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် မိတ်ဆက်ပွဲ အခမ်းအနားကို ဇွန် ၁၀ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတွင် အစုလိုက် သေဆုံးမှု ဖြစ်ပေါ်ခဲ့သည့် ကြွက်ဝမ်းပူများတွင် ပလိပ်ရောဂါပိုး မတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ မောင်းထောင်၊ ဒါန်းတိုင်၊ စိုင်ပြင်လေး၊ ကြက်ရိုးကုန်းနှင့် ဆည်ဝရွာသစ်ကျေးရွာ(၅)ရွာတွင် အစုလိုက် သေဆုံးမှုဖြစ်ပေါ်ခဲ့သည့် ကြွက်ဝမ်းပူများကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပေးပို့ခဲ့ရာ ၎င်းကြွက်များတွင် ပလိပ်ရောဂါပိုး မတွေ့ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။