တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။





