လမ်းမီးတိုင်များ တင်ဆောင်လာသောကား အထိန်းကြိုးပြတ်ကာ တိုင်များပြုတ်ကျ၍ လမ်းပိတ်ဆို့မှု ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မကျီးကွင်း ကျေးရွာအုပ်စု ဂရံကျေးရွာအနီးတွင် ဇွန် ၄ ရက် မွန်းလွဲ ၃ နာရီခန့်က ကားပေါ်တင်ဆောင်လာသော လမ်းမီးတိုင်များပြုတ်ကျ၍ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပန်ဆိုင်းမြို့တွင် သက်ကြီးရွယ်အိုများကို အထွေထွေရောဂါများ အခမဲ့ကုသပေး 
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်တိုင်း၊ ရွှေလီမြို့ သက်ကြီးရွယ်အိုအဖွဲ့(NGO)နှင့် ရွှေလီမြို့၊ ကျင်းချိန့်ဆေးရုံတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီတွင် ပန်ဆိုင်းမြို့၊ ရပ်ကွက်(၄)၊ တရုတ်စာသင်ကျောင်း၌ သက်ကြီးရွယ်အိုများအား အထွေထွေရောဂါများကို အခမဲ့စမ်းသပ်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ဟုမ္မလင်းမြို့၌ မြေစိုက်နံရံကပ်စာစောင် ပြသထားရှိ
ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပ ဆောင်ရွက်ချက်များကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍ မြေစိုက်နံရံကပ်စာစောင်ပြသမှုကို ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ဇွန်  ၄ ရက် မွန်းတည့် ၁၂ နာရီက ပြသခဲ့သည်။
ငါ့သရောက်မြို့တွင် မေလအတွင်းက ရွာသွန်းခဲ့သောမိုးဖြင့် စိုက်ပျိုးထားသည့် မြေပဲများဖြစ်ထွန်းလာ
ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်အတွင်း မေလ ၂၈ ရက် ညပိုင်းက ရွာသွန်းမိုးဖြင့် ငါ့သရောက်မြို့နယ်အတွင်း သုံးလမြေပဲနှင့် ခြောက်လမြေပဲစိုက်ပျိုးခဲ့ရာ မြေပဲပင်ပေါက်များ အပင်ဖြစ်ထွန်းမှု သန်မာထွားကြိုင်းလာခဲ့ရာ အောင်မြင်ဖြစ်ထွန်းလာလျက်ရှိကြောင်း ကုလားတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ပြောပြချက်အရ သိရသည်။
သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်
မေ ၂ ရက် ည ၆ နာရီခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိ မြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပိုးစားတောကျေးရွာအနီးရှိ တံခွန်တိုင်ချောင်း မြေသားကျောက်စီနံရံရေကာတာ ၁၁၈၀ ပေခန့် ရေတိုက်စားပျက်စီးခဲ့ရာ တန်ဖိုး ၁၀၈၀ဝ၀ဝ၀ ကျပ်ခန့်
ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုနှုန်း ခြောက်သောင်းနီးပါး ပိုမိုတိုးတက်လာ
၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံ ပညာကျောင်းများတွင် ကျောင်းအပ်နှံမှုနှုန်းမှာ ယမန်နှစ်ထက် ခြောက်သောင်းနီးပါး ပိုမိုုတိုးတက်လာကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်မေဝင်းမြင့် National Enlightenment Institute (NEI) အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်မေဝင်းမြင့်သည် National Enlightenment Institute (NEI) အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-3)အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။