နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ငလိုက်ချောင်းအတွင်းရှိ အမှိုက်များကင်းရှင်းစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုများအား တက်ရောက်ကြည့်ရှုအားပေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးအဖွဲ့နှင့် မျှဝေသောလက်များ (ပျဉ်းမနား) အသင်းတို့မှ ဦးဆောင်၍ မြို့နယ်အတွင်းသို့ ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငလိုက်ချောင်းမှ အမှိုက်များနှင့် အညစ်အကြေးများကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် အလှူရှင်များမှ ကျွေးမွေးဧည့်ခံနေမှုများကို တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။





