အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ပထမအကြိမ်စားပွဲဝိုင်းဆွေးနွေးပွဲ” ကျင်းပ
မြန်မာနိုင်ငံ၏အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ပထမအကြိမ်စားပွဲဝိုင်း ဆွေးနွေးပွဲ”ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲ၌ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံးတွင် ကျင်းပသည်။




