Naypyitaw State Academy ၌ မမျှော်မှန်းနိုင်သော အန္တရာယ်များအတွက် အာမခံအကာအကွယ်ဆိုင်ရာ ဟောပြောပွဲ ကျင်းပ
Naypyitaw State Academy တွင် ကျောင်းသားလူငယ်များ အာမခံလုပ်ငန်း၏ အရေးပါမှုနှင့် မမျှော်မှန်းနိုင်သော အန္တရာယ်များအတွက် အာမခံ၏အကာအကွယ် ရယူနိုင်မှုတို့ကို သိရှိနားလည်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ အာမခံလုပ်ငန်းဆိုင်ရာ ဟောပြောပို့ချခြင်းကို ဖေဖော်ဝါရီ ၂၉ ရက် နံနက်ပိုင်းက Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပရာ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။