စစ်ကိုင်းတိုင်းဒေသကြီးဂ ဟုမ္ပလင်းမြို့ ထမံသီဘေးမဲ့တောသည် အင်း၊ အိုင်အများအပြားနှင့် ချောင်းကြီး၊ ချောင်းငယ်များစွာ ဖြတ်သန်းစီးဆင်းလျက်ရှိပြီး မြန်မာနိုင်ငံ၌သာ တွေ့ရှိရသော ရှားပါးတောရိုင်းတိရစ္ဆာန်မျိုးစိတ်များ ရှင်သန်ကျက်စား လျက်ရှိ၍ ကင်မရာထောင်ချောက်များဖြင့် ရက် ၉၀ ကြာ မှတ်တမ်းတင်ရာ၌ ဘင်္ဂလားကျား အပါအဝင် ရှားပါးမျိုးစိတ် ၂၅ မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။