(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၈

ပူတာအိုမြို့နယ်၌ သမိုင်းဝင် ကောင်းမှုလုံစေတီ၊ ရွှေစည်းခုံစေတီပုံတူနှင့် ရွှေတိဂုံစေတီပုံတူ ဘုရားပတ်လမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့်ပြီးစီး

နေပြည်တော် ဖေဖော်ဝါရီ ၂၈

ပူတာအိုမြို့နယ်ရှိ သမိုင်းဝင် ကောင်းမှုလုံစေတီ၊ ရွှေစည်းခုံစေတီပုံတူနှင့် ရွှေတိဂုံစေတီပုံတူ ဘုရားပတ်လမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့်ပြီးစီး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၆၀၄ ဒဿမ ၁၂၅ သန်းဖြင့် ဆောင်ရွက်ခဲ့သော ကချင်ပြည်နယ် ပူတာအိုမြို့နယ် သမိုင်းဝင် ကောင်းမှုလုံစေတီ၊ ရွှေစည်းခုံစေတီပုံတူနှင့် ရွှေတိဂုံစေတီပုံတူ ဘုရားပတ်လမ်းများ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆွေနွေး
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Mr. Marcoluigi Corsi အား ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက  နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi ကို ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး လှိုင်သာယာမြို့နယ်များဖွံ့ဖြိုးရေး ကြည့်ရှုစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် သက်ဆိုင်ရာဌာနမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ၁၀ ရပ်ကွက်၊ ပါရမီလမ်း၊ ခုပ်ဖူစားသောက်ဆိုင်ရှေ့ အင်းလျားကန်ရေဝင်ပေါက် ရေစစ်ကန်ရေမြောင်းသို့ သွားရောက်၍ ရေစစ်ကန်အတွင်းရှိ အနယ်များနှင့် ရေမြောင်းအတွင်းရှိ မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ရေစစ်ကန်နှင့် ရေမြောင်း ဝဲ/ယာ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။