EV Battery စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမူဝါဒ(မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပ

EV Battery စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမူဝါဒ(မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၄)ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။
ပြည်မြို့နယ်နှင့် မင်းလှမြို့နယ်တို့၌ ငွေကျပ် ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိ
ပြည်မြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၃  ဘီလီယံတန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သံတောင်ကြီးမြို့တွင် ပေါ်ဦးပေါ်ဖျား မရမ်းသီးများဈေးကောင်းရရှိ
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်း ဖြစ်သော နှစ်ရှည်ခံပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သည့် မရမ်းသီးများသည်  ယခု ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင်    အသီးများစတင်ထွက်ရှိပြီး ဒေသခံပြည်သူများက   လိုက်လံဆွတ်ခူး ရောင်းချရာတွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ငလျင်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးမှူးရုံး၏ ငလျင်သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီက မိတ္ထီလာမြို့နယ် မီးသတ်စခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား (၈၉၂)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား (၈၉၂)ဦး အတွက် လူမှုရေးပင်စင်‌ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာသတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၉ နာရီက လူစည်ကားရာ မြို့မစျေးကြီးရှေ့နှင့် မီးပွိုင့်လမ်းဆုံတို့တွင် ဒေသခံခရီးသွားပြည်သူများ လက်ဝယ်အရောက် အသိပညာပေး ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက သရက်ချောင်းမြို့၊ ဆင်ဖြူပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။