ပြည်တက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်ကျင်းပ
ပြည်တက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများ ကျောင်းနေပျော်၍ စိတ်ချမ်းမြေ့ပျော်ရွှင်စေရန်၊ အချင်းချင်း ချစ်ခင်ရင်းနှီး စည်းလုံးညီညွတ်မှုများပိုမိုရရှိပြီး ပူးပေါင်းဆောင်ရွက်လိုစိတ်များ ပိုမိုတိုးပွားရရှိလာစေရန်၊ မြန်မာ့ရိုးရာအစားအစာများနှင့် တိုင်းရင်းသားရိုးရာအစားအစာများကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်ပြုလုပ်သော ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက ယင်းတက္ကသိုလ် အားကစားခန်းမရုံအနီး ကွင်းပြင်၌ ကျင်းပရာ ဘာသာရပ်ပေါင်းစုံ မိသားစုများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများဖြင့် အထူးစည်ကားခဲ့သည်။
ကျိုက်ထိုမြို့နယ်၌ ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
(၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
မြင်းခြံ၌ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း စံသတ်မှတ်ချက်များ အသိပေးရှင်းလင်း
မြင်းခြံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးရုံး အစည်းအဝေးခန်းမ၌ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ................
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တည်ထောင်ခြင်း (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက ယင်းတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ..............
မွန်ဘုရင်မကြီး  ရှင်စောပု၏ သက်တော်(၆၃၀)ပြည့် မွေးနေ့မင်္ဂလာနှင့် ပျော်ပွဲရွှင်ပွဲများ ကျိုက်မရောမြို့၌ စည်ကားသိုက် မြိုက်စွာ ကျင်းပမည်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၏ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သော ဆုတောင်းပြည့်ဘုရားကြီးအား ပြုပြင်မွမ်းမံ၍ တည်ထားကိုးကွယ်ခဲ့သော မွန်ဘုရင်မကြီး ရှင်စောပု၏ သက်တော်(၆၃၀)ပြည့် မွေးနေ့မင်္ဂလာအား ထမနဲထိုးပြိုင်ပွဲများ၊ အခြားပျော်ပွဲရွှင်ပွဲများ၊ ဇာတ်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။