မတ္တရာမြို့နယ်၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေသီးနှံစီမံကိန်းအတွက် လက်မှတ်ရေးထိုး
မတ္တရာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေသီးနှံ(စပါး၊နှမ်း) စီမံကိန်းတွင်ပါဝင်သည့် တောင်သူအစုအဖွဲ့၊ သွင်းအားစု အစုအဖွဲ့၊ ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစုအဖွဲ့များနှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်ကော်မတီတို့ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။