တရားမ အထူးအယူခံမှု ၉ မှု စီရင်ချက်ချမှတ်ပြီး တရားမ အထူးအယူခံမှု ၆ မှု ရုံးထိုင်ကြားနာ
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကိုနှင့် ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၉/ ၂၀၂၂ (ဧရာဝတီ)၊ ၁၇/ ၂၀၂၃ (တနင်္သာရီ)၊ ၁၉/ ၂၀၂၃ (ဧရာဝတီ)၊ ၂၃/၂၀၂၃ (ရန်ကုန်)၊ ၃၉/ ၂၀၂၃ (ရန်ကုန်)၊ ၄၇/၂၀၂၂ (မကွေး)၊ ၁၀/ ၂၀၂၃ (တနင်္သာရီ)၊ ၂၅/ ၂၀၂၃ (ကချင်)၊ ၂၆/ ၂၀၂၃ (မန္တလေး) စုစုပေါင်း တရားမ အထူးအယူခံမှု ၉ မှု တို့ကို စီရင်ချက်ချမှတ်သည်။