မြိတ်ကျွန်းစုရှိ သယောကြီးကျွန်းအား ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁,၂၆၉ ဧက ရှိသောနယ်မြေကို “သယောကြီးကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့် ကြော်ငြာစာအမှတ်(၁၅/၂၀၂၄)အရ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း(၆)ရက်၊ (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်)မှစ၍ သတ်မှတ်ကြေညာလိုက်ကြောင်း သိရသည်။