မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျောင်းသား/ကျောင်းသူဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ


နေပြည်တော် မေ ၃၀

တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးသည်ဟု သတင်း တု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် မေ ၃၀

စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား/ သမီး ကျောင်းသား/ ကျောင်းသူများ ကျောင်းဝတ်စုံ၊ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ


နေပြည်တော်၊ မေ ၃၀

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အချို့၌ ရေဝင်ရောက်လာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး၊ ယာယီတိမ်းရှောင်စခန်းနေ မိသားစုများအားသွားရောက် တွေ့ဆုံ အားပေး၊ အမိုး၊ အကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွ
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများကို စွန့်ခွာ၍ ယာယီတိမ်းရှောင်လျက်ရှိသော မိသားစုများ စားသောက်မှုအဆင်ပြေစေရေးနှင့် အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မေ ၂၉ ရက် မွန်းလွဲ ၂ နာရီခွဲကလည်း မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီစခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိသော မိသားစုများအား သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အချို့၌ ရေဝင်ရောက်လာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး၊ တရားရုံးများရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်
ကချင်ပြည်နယ် ပူတာအိုခရိုင်နှင့် ချီဖွေခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာရှိသည့်အနက် ယနေ့ နံနက်အစောပိုင်းတွင် အမြင့်ဆုံး (၁၀၃၁)စင်တီမီတာအထိ မြင့်တက်လာခဲ့သဖြင့် မြို့ပေါ် မြေနိမ့်သည့် ရပ်ကွက်များတွင် ရေဝင်ရောက်မှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ကျောင်းအပ်နှံနေမှုများအား ကြည့်ရှုအားပေး
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ပညာရေးမှူးများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေ ၂၉ ရက် နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(အလုံ)သို့ ရောက်ရှိကြသည်။