ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


ရန်ကုန် မေ ၁၁

မုဒုံမြို့၌ အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက တာပသွန်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ပေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် မုံရွာမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း(အလုံ)ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှု အားပေးခြင်း
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဉပတိရုပ်ကောင်းမွန်စေရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ အလုံရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းနှင့် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း(အလုံ)၌ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အထေွထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသားမိဘများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
ပေါင်းတည်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ စုံလင်စွာရောက်ရှိလျက် ကျောင်းအပ်လက်ခံရေး ကြိုတင်ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက်  ကျောင်းသုံးစာအုပ်များ စုံလင်စွာရောက်ရှိလျက် ကျောင်းအပ်လက်ခံနိုင်ရေးကို ကြိုတင်စီမံဆောင်ရွက်ရှိကြောင်း သိရသည်။
မိုးညှင်းမြို့၌ သက်ကြီးရွယ်အို အဘိုးအဘွားများ သွားတု(အံကပ်) အခမဲ့တပ်ဆင်ပေး
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် သက်ကြီးရွယ်အို အဘိုးအဘွားများအား သွားတု(အံကပ်)များ အခမဲ့တပ်ဆင်ပေးခြင်းကို မေလ(၁၀)ရက် မွန်းလွဲ(၁)နာရီမှစတင်၍ စိမ်းလဲ့ရတနာခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၄)ဖွင့်လှစ်
စာကြည့်တိုက်များ၏ အခန်းကဏ္ဍ၊ စာကြည့်တိုက် ယဉ်ကျေးမှုထွန်းကားရေးနှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်ရည်ရွယ်၍ စာကြည့်တိုက်ပညာသင်တန်း(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပြုလုပ်သည်။