တံတားဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား (၈၉၂)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား (၈၉၂)ဦး အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။








