ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျွန်းစုမြို့နယ်၌ လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများအတွက် နားလည်မှုလက်မှတ်ရေးထိုး
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း Hydro ရေအားလျှပ်စစ်နည်းပညာဖြင့် (၃)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းနှင့် Solar နေရောင် ခြည်စွမ်းအင်သုံးနည်းပညာဖြင့် (၇.၈)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဖြစ်မြောက်နိုင်စွမ်း ရှိ/ မရှိ အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် New Myanmar Renewable Energy Co., Ltd တို့အကြား ချုပ်ဆိုသည့် နားလည်မှုမှတ်တမ်း Feasibility Study (F.S MOU) လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ညောင်ဦးမြို့ရှိ ရွှေစည်းခုံစေတီတော်ကြီး၏ ကြာမှောက်၊ ကြာလှန်နှင့် ရွဲတို့မှ ရွှေစင်ရွှေပြားအချို့ ပြုပြင်နိုင်ရေး ညှိနှိုင်းစည်းဝေး
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်မည်ဖြစ်ရာ ရွှေစည်းခုံစေတီတော်ကြီး  ကြာမှောက်၊ ကြာလှန်နှင့် ရွဲတို့ရှိ ရွှေစင်ရွှေပြားအချို့ ပြုပြင်နိုင်ရန် ဆောင်ရွက်လိုသူများကို တင်ဒါခေါ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ  ၂၇ ရက် နံနက်ပိုင်းက ရွှေစည်းခုံစေတီတော်ကြီး အင်္ဂါထောင့်တန်ဆောင်းတော်၌ ပြုလုပ်ခဲ့သည်။
PDF အမည်ခံအကြမ်းဖက်သမားများက ကလေးတက္ကသိုလ်ရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

၂၀၀၀၀ ကျပ်တန် ငွေကျပ်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင် ကောလာဟလသတင်းများ ထုတ်လွှင့်နေမှု၊ ကလေးမြို့ တက္ကသိုလ်အား ဝင်ရောက်၍ ဆရာ၊ ဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား အကြမ်းဖက်ဖမ်းဆီး
mdn
သာယာဝတီထောင်၌ ရာဇဝတ်အကျဉ်းသားက နိုင်ကျဉ်းလူငယ်တချို့ကို လိင်တူချင်း အဓမ္မပြုရန် ကြိုးပမ်းဟု မဟုတ်မမှန် လုပ်ကြံရေးသား

သာယာဝတီထောင်၌ ရာဇဝတ်အကျဉ်းသားက နိုင်ကျဉ်းလူငယ်တချို့ကို လိင်တူချင်း အဓမ္မပြုရန် ကြိုးပမ်းဟု မဟုတ်မမှန် လုပ်ကြံရေးသား