ဒုတိယဝန်ကြီး ဦးမြင့်စိုး နေပြည်တော်ကောင်စီနယ်မြေ သမဝါယမအသင်းများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးအတွင်း သတ်မှတ်ပေးထားသောနေရာ၌ လယ်ဝေးမြို့နယ်၊ ညိုပင်ကျေးရွာအုပ်စု၊ ကွေ့ကြီးကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူများကိုယ်တိုင် စိုက်ပျိုးထားသော ပန်းဂေါ်ဖီအဖြူ၊ ပန်းဂေါ်ဖီအစိမ်းနှင့် မုန်လာဥများ ရောင်းချနေမှုကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။
ဇမ္ဗူသီရိမြို့နယ်၌ ပြည်သူများ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

မဟာဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပမည်

အခြေခံပညာအထက်တန်းကျောင်း(ရွှေကျင်)တွင် လူငယ်စကားဝိုင်းကျင်းပ

လူငယ်နှင့် အမျိုးသားနိုင်ငံရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ်တွင် ‘‘နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး’’ဟူသော လူမှုရေးဦးတည်ချက်တစ်ရပ်လည်း ပါဝင်သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦး‌ရေစုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းခန့်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များဖြစ်သည်ဟု သိရသည်။
မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အား ဘုရားဖူးများ အဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတား တပ်ဆင်ပြီးစီး

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံ ၄၁၇ ဧက စိုက်ပျိုးပြီးစီး