ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာတွင် စိုက်ပျိုးထားသော ဝါစိုက်ခင်များ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာရှိ တောင်သူဦးဝင်းမောင်၏ ကွင်းအမှတ်(၂၅၄-က) မြေ(၁၅)ဧကတွင် စိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် မီးသတ်တပ်ဖွဲ့စခန်းများက ဥဩဆွဲ
(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့စခန်း နှစ်ခုမှ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥဩဆွဲခြင်းနှင့် အလေးပြုခြင်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။
ထန်ပါခွေမြို့၌ ကြွက်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းသရုပ်ပြဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက ဒေသခံတောင်သူ ဦးပါကြုံ၏ တောင်ယာစပါးစိုက်ခင်း၌ ကြွက်ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ကွင်းသရုပ်ပြပွဲ စုပေါင်းဆောင်ရွက်ခဲ့ကြသည်
(၇၆)နှစ်မြောက် အာဇာနည်နေ့တွင် နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သို ပြည်သူများ လာရောက်ကြည့်ရှုသူ များပြား
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို ဇူလိုင် ၁၉ ရက် နံနက်၇ နာရီမှ စတင်ဖွင့်လှစ် ပြသခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်ကြည့်ရှုသူ များပြားလျက်ရှိသည်။
နမ့်ဆန်မြို့နယ်၌ လက်ဆေးကန် ဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေပေးအပ်
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (ကျန်းမာရေးဌာန) အနာဂတ်အတွက် သောက်သုံးရေစီမံချက်၊ စီမံကိန်းဝင်ကျေးရွာဖြစ်သော .............
မုဒုံမြို့၌ ရေကြီးရေလျှံမှုဖြစ်ပွားကာ ဒေသခံ ၂၃၀ ခန့် ယာယီပြောင်းရွှေ့နေထိုင်
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းကစတင်၍ မိုးသည်းထန်ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားကာ မြေနိမ့်ပိုင်းနေရာများ၌ လူနေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိသည်။
မောင်တောမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။