ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ သက်ဆိုင်ရာ ဌာနမှူးများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ရန်ကုန် - ပြည်လမ်း တစ်လျှောက် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအဆင်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင်အထိ လမ်းဘေးဝဲယာတစ်လျှောက်နှင့် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်း၊ မင်္ဂလာကန်ဝန်းကျင် စိမ်းလန်းစိုပြည် သန့်ရှင်းသပ်ရပ်မှုရှိစေရေးလုပ်ငန်းများ လုပ်ဆောင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။