ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဒလမြို့နယ်ရှိ ကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာများတွင် အသုံးပြုနိုင်ရန် လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများနှင့် ကျန်းမာရေးသုံး ပစ္စည်းများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ယနေ့ မွန်းလွဲ ၃နာရီခွဲက မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။