ကျုံပျော်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ပြည်သူများလူကုန်ကူးခံရမှု မရှိစေရန်၊ လူကုန်ကူးမှု အကြောင်းအရာများကိုသိရှိပြီး ရှောင်ရှားနိုင်စေရန် အတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အင်းရဲလမ်းဆုံ၌ ဇန်နဝါရီ ၂၇ ရက် နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရ
မင်းဘူး(စကု)မြို့နယ်တွင် ကြက်သွန်စိုက်တောင်သူများ ဈေးကောင်းရရန်မျှော်လင့်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဆောင်းကြက်သွန်များ အောင်မြင် ဖြစ်ထွန်း လျက်ရှိပြီး တောင်သူများအနေဖြင့် ဈေးကောင်းရရန်မျှော်လင့်နေကြောင်း ဒေသခံ တောင်သူများ ထံမှ သိရသည်။
မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ  “အော်ဂဲနစ်သီးနှံနှင့် ပြည်သူ့ကျန်းမာရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပမည်
မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP)မှ “အော်ဂဲနစ်သီးနှံနှင့် ပြည်သူ့ကျန်းမာရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
လောင်းလုံးမြို၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက် ၆ နာရီခွဲက လောင်းလုံးမြို့ ပြည်သူ့ဆေးရုံ၌ ပြုလုပ်
ကျောက်ဖြူမြို့နယ်ရှိ ကျန်းမာ‌ရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေးများကို စတင် ထိုးနှံပေးလျက်ရှိ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာ‌ရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေးများကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက  ပထမဦးဆုံးစတင် ထိုးနှံပေးလျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်ထံမှ သိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ရောဂါ ကာကွယ်ဆေးကို ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက မြင်းမူမြို့ ပြည်သူ့ ဆေးရုံကြီးတွင် ထိုးနှံပေးခဲ့သည်။
ကျိုက်မရောမြို့နယ် အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံ
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ကျိုက်မရောမြို့ ပြည်သူ့ဆေးရုံ၌ပြုလုပ်ခဲ့