ခင်ဦးမြို့၌ စပါးခွံမီးခိုးပေါင်းခံရည် ပြုလုပ်သုံးစွဲခြင်း သရုပ်ပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စပါးခွံဖြင့် စပါးခွံမီးခိုးပေါင်းခံရည် ပြုလုပ် သုံးစွဲခြင်းသရုပ်ပြပွဲကို အောင်မင်္ဂလာရပ် ဦးဝင်းထွန်း၏ လယ်ကွင်း၌ ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက လက်တွေ့သရုပ်ပြသသည်။
လှိုင်းဘွဲမြို့နယ်  ကျုံမဒီကျေးရွာ၌ ကွန်ကရစ်တံတား တည်ဆောက်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) စီမံကိန်းထောက်ပံ့ငွေဖြင့် ထီးဖိုးကိန်ကျေးရွာအုပ်စု ​​ကျုံမဒီကျေးရွာ ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းကို  စတင်အကောင်ထည်ဖော် ဆောင်ရွက်နေပြီဖြစ်​ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခဲ့သည်။
ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားကွင်းတည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် တည်ဆောက်ပြီးစီး
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားကွင်း တည်ဆောက်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၉၂ ဒသမ ၄၅ သန်းဖြင့် လပြည့်သိမ်းကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်တည်ဆောက် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရ
ထန်တလန်မြို့၌ အိမ်မွေးခွေးများအား ခွေးရူးပြန်ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး
ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ် ရပ်ကွက်များတွင် မွေးမြူထားသော အိမ်မွေးခွေးများအား ခွေးရူးပြန် ရောဂါကြိုတင်ကာကွယ်ဆေးကို ဇန်နဝါရီ  ၁၉  ရက် နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရ
ကျုံပျော်မြို့ မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်
ပြည်သူများမီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရေး၊ ဈေးအတွင်းရှိ ကုန်စည်များ မီးဘေးအန္တရာယ် ကျ‌ရောက်မှုမရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် ခြင်းကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မြို့မဈေးအတွင်း၌
သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ် ကျရောက်လာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရေး လေ့ကျင့်ဆောင်ရွက်
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင်  အများပြည်သူများ၏ အသက်အိုး အိမ်စည်း စိမ်များ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များ ကျရောက်လာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၈ ရက်နေ့ နံနက် (၈)နာရီက ကြိုတင်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်