နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေး ရန်ပုံငွေအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အလှူငွေကျပ်သိန်း(၄၀၀)လှူဒါန်း
နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အလှူငွေလာရောက်လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ကျင်းပသည်။








