မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဖျင်ကြီးကျေးရွာ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (မူလ)ခွင့်ပြုရန်ပုံငွေများဖြင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အပေါကျေးရွာနှင့် နန်ကြူကျေးရွာများတွင် လုပ်ငန်းဆောင်ရွက်နေမှုများအား ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။