ကိုရီးယားနိုင်ငံမှ  ထောက်ပံ့သော ဆန်တန်ချိန် ၁၀၀ ထဲမှ အိတ်ရေ ၂၀၀၀ အား ကိုဗစ်စင်တာများသို့ ဖြန့်ဝေနေ

ကိုရီးယားသမ္မတနိုင်ငံ ( APTERR ၏ Tler-3 2020 အစီအစဥ်) မှ Pre-Positioned အဖြစ် လှူဒါန်းထားသော ဆန်တန်ချိန် ၁၀၀ ထဲမှ အိတ်ရေ ၂၀၀၀ အား မကွေးတိုင်းအတွင်း ကိုဗစ်စင်တာများသို့ ဖြန့်ဝေပေးနေကြောင်း သိရသည်။
အမျိုးသမီးများအကြမ်းဖက်မှုနှင့် သက်ငယ်မှုဒိမ်းဖြေရှင်း ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် အမျိုးသမီးများအကြမ်းဖက်မှုနှင့် သက်ငယ်မုဒိမ်းဖြေရှင်း ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်  ၉ နာရီခွဲက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပြုလုပ်ခဲ့သည်။
အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ (၆၆)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်း
အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ (၆၆)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ဒီဇင်ဘာ  ၂၂ ရက်  နံနက်ပိုင်းက ဘားအံပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်သည်။
မတ္တရာမြို့နယ်တွင် နိုင်ငံတော် အရန်ရိက္ခာဆီများ သိုလှောင်ထားရှိမှု ကြည့်ရှုစစ်ဆေး
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် နိုင်ငံတော်အရန်ရိက္ခာဆီ တန် ချိန်(၅၉)တန် သိုလှောင်ထားရှိမှုအား လျော့နည်းပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ခရိုင်စားသုံး သူရေးရာဦးစီးဌာနနှင့် မြို့နယ်အရေးပေါ်ရိက္ခာဆီ လက်ခံ၊
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် နေပြည်တော် ပျဉ်းမနားမြို့နယ် ကိုးတစ်ကျေးရွာအုပ်စုနှင့် ဘို့မကျေးရွာအုပ်စုတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ် တို့သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်(၂) ဦးမင်းသူ၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးကျော်မြင့်ဦး၊ နှင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကိုးတစ်ကျေးရွာအုပ်စုနှင့် ဘို့မကျေးရွာအုပ်စုတို့သို့ သွားရောက်ကာ လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT) နှင့် သင့်တော်သည့် ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေး အခြေအနေများကို ကွင်းဆင်းလေ့လာကြည့်ရှုခဲ့သည်။
ဆမီးမြို့ရှိ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအား စောင်နှင့်အဝတ်အထည်များ ထောက်ပံ့ပေးအပ်
ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား စောင်၊ အနွေးထည်နှင့် အနွေး ဘောင်းဘီများ ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုက်ပွဲရှောင် စခန်း၌ ပြုလုပ်ခဲ့သည်။