ရှမ်းရွာသစ်မြို့ မဲကတောခီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်း ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် ပညာရေးဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု မဲကတောခီးကျေးရွာအခြေခံပညာ မူလတန်းကျောင်းဝင်းတွင် ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဒူဝါဘွမ်ယွန်လမ်း  ဖွင့်ပွဲကျင်းပ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း ငွေကျပ် သိန်း(၂၃၀)အကုန်အကျခံကာ မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပြီးစီးသည့် ဒူဝါဘွမ်ယွန်လမ်း ဖွင့်လှစ်ခြင်းကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၈ နာရီခွဲက အဆိုပါလမ်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့
ကျောက်ဖြူမြို့တွင် ကိုဗစ်ကာလအတွင်း ဒေသထွက် ငါးတံခွန်ခြောက်များရောင်းအားကောင်း
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်ကာလအတွင်း ဒေသထွက် ငါးတံခွန်ခြောက်များမှာ ဝယ်ယူသူ များပြားလျက်ရှိပြီး ရောင်းအားကောင်းကြောင်း ငါးခြောက်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။    
ခရစ်စမတ်ပွဲတော်အား Covid-19 သတ်မှတ်စည်းကမ်းများနှင့်အညီ အွန်လိုင်းမှတစ်ဆင့် ကျင်းပသွားမည်
ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် ခရစ်တော်၏မွေးနေ့အခါသမယ ခရစ္စမတ်နေ့အထိမ်းအမှတ်ကို မြစ်ကြီးနားမြို့ပေါ်တွင် ကြိုတင်ပြင်ဆင်မှုများရှိထားပြီး လက်ရှိဖြစ်ပွားနေသည့် Covid-19 ရောဂါ ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ရောဂါကြိုတင် ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
ဖာပွန်မြို့၌  ကရင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဓလေ့အကြောင်း ဆွေးနွေးပွဲ ပြုလုပ်
ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီတို့ပူးပေါင်း၍ ကရင်တိုင်းရင်းသားရိုးရာဓလေ့အကြောင်း ဆွေးနွေးပွဲ   အွန်လိုင်းတင်ဆက်မှုကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။