နမ္မတူမြို့နယ်ရှိ မိုင်းစင်ဒဏ်ရာရ လူနာများအား ထောက်ပံ့ပေးအပ်

နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအုပ်စု၊ နမ့်ပိုင်ကျေးရွာအနီးတွင်  ဒီဇင်ဘာ (၁၀)ရက်က တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မိုင်းစင်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည့် ဒေသခံပြည်သူ (၄)ဦးအား ထောက်ပံ့ ပေးအပ်ခြင်းကို ဒီဇင်ဘာလ (၁၁)ရက် မွန်းလွဲ ၂ နာရီခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့အဖွဲ့၊ ကလောမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းကြည့်ရှု
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများဖြစ်သည့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည် နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးနှင့်တာဝန်ရှိသူများ သည် ဟဲဟိုးမြို့၊ အင်းခေါင်းဆည်သို့ ယနေ့နံနက် ၁၁ နာရီခန့် ရောက်ရှိကာ
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၁-၁၂-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀)နာရီ

တရုတ်နိုင်ငံဘက်သို့ ကျွဲ၊ နွားအရှင်တင်ပို့မှုကို  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ပြီး တရားဝင် တင်ပို့နိုင်တော့မည်
မြန်မာနိုင်ငံဘက်က ကျန်းမာရေးထောက်ခံချက်များနှင့်အညီ ကျွဲ၊ နွားများကို ယခင် ၂၀၁၇ ခုနှစ်မှ  စတင်ပြီး မူဆယ်မြို့၊ နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံဘက် သို့  တရားဝင် တင်ပို့လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့်
ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား ကြက်ခြေနီက ဒုတိယအကြိမ် လူမှုကရုဏာအကူအညီများ သွားရောက်ပေးအပ်
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ရေ၊ ပတ်ဝန်း ကျင် သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ဆောင်းရာသီ အသုံးအဆောင်ပစ္စည်းများ ဖြန့်ဝေခြင်းနှင့် လိုအပ်သည့် လူမှုကရုဏာ အထောက်အပံ့များကို  ဆမီးမြို့သို့ နိုဝင်ဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ သွားရောက်ကာ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် ဘယ်လ်ဂျီယံ၊ နယ်သာလန်နိုင်ငံနှင့် အနီးတစ်ဝိုက် ဒေသများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၆၈) ဦးအား မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့နှင့် သင်္ဘောကုမ္ပဏီတို့မှ ပူးပေါင်း စီစဉ်သည့်
မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် အွန်လိုင်းရုပ်ရှင် ပဟေဠိပြိုင်ပွဲကျင်းပမည်
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် Information Matrix ကုမ္ပဏီတို့ ပူးပေါင်း စီစဉ်ကျင်းပသော မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် အွန်လိုင်း ရုပ်ရှင်ပဟေဠိပြိုင်ပွဲ (8 PM Quiz Night Show) ကို ဒီဇင်ဘာ ၁၃ ရက် ည (၈) နာရီတွင် 7Day TV Facebook စာမျက်နှာ မှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ကျင်းပမည်ဖြစ်သည်။