ကလေးမြို့တွင် Stay At Home ရပ်ကွက်(၅)ခုအတွင်းရှိ ပြည်သူများ အဓိကလိုက်နာရမည့် အရေးကြီးအချက်(၁၄)ချက်နှင့် ပတ်သက်၍ ဆွေးနွေး
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အတွင်းရှိ ရပ်ကွက်(၅)ခုအား ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ဒီဇင်ဘာ ၁၀ ရက်မှစတင်ကာ Stay At Home အဖြစ် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အမိန့်ထုတ်ပြန်လျက်ရှိရာ အဆိုပါ ရပ်ကွက်အတွင်းရှိပြည်သူများ အဓိကလိုက်နာရမည့် အရေးကြီးအချက် (၁၄) ချက်နှင့်ပတ်သက်၍ ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲ၂နာရီခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။








