ဂွမြို့ တိုင်ကျိုးကျေးရွာတွင် တောဆင်ရိုင်း(၉)ကောင် ဖျက်ဆီးမှုကြောင့် လူနေတဲ(၃)လုံးနှင့် စပါးများပျက်စီး

ရခိုင်ပြည်နယ်၊ ဂွမြို့၊ တိုင်ကျိုးကျေးရွာတွင် တောဆင်ရိုင်း(အထီး၊အမ၊ဆင်ပေါက်) အကောင်စုံ (၉)ကောင်ခန့်သည် ဒီဇင်ဘာ(၉)ရက် ညသန်းခေါင်ခန့်က လူနေထိုင်သည့် တဲများနှင့် စပါးများအား ဝင်ရောက်ဖျက်ဆီးသွားခဲ့ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ထံမှ သတင်းရရှိသည်။
မာန်အောင်မြို့နယ် မီးလောင်ထောင့်ကျေးရွာ၌ ဆောင်းမြေပဲ စိုက်ပျိုးမည့် တောင်သူများအား ပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မီးလောင်ထောင့်ကျေးရွာအုပ်စု၊ မီးလောင်ထောင့် ကျေးရွာမှ ဆောင်းမြေပဲစိုက်ပျိုးကြမည့် တောင်သူများအား ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ တောင်သူအသိပညာပေး သင်တန်းကို ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီက အဆိုပါကျေးရွာရှိ အမက ကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း ...................................
မြန်မာတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက အလှူငွေများ ပေးအပ်လှူဒါန်း
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ Covid-19 ရောဂါပိုး ကြိုတင်ကာကွယ်၊  ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ကိစ္စရပ်များတွင် အသုံးပြုရန် မြန်မာတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းက အလှူငွေ ၂၀၅ သိန်းအား ဒီဇင်ဘာ ၉ ရက်က ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၅၇ ဦးအား တိုကျိုမြို့ မြန်မာသံရုံးမှ စီစဉ်သည့် All Nippon Airways လေကြောင်းလိုင်း (ANA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
Covid-19 ကပ်ရောဂါ ကာလအတွင်း ​အိမ်ခြံမြေစျေးကွက် အရောင်းအဝယ် ပြန်ကောင်းလာ
ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေမှုကာလအတွင်း ​အိမ်ခြံမြေစျေးကွက် အရောင်းအဝယ် ပြန်ကောင်းလာ ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦး၏ ပြောပြချက်အရ ဒီဇင်ဘာ  ၁၀  ရက်က သိရသည်။
တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ငွေကျပ်သိန်း ၃၀ ခန့် တန်ဖိုးရှိ Medical PPE ဝတ်စုံ  ၁၅၀ လာရောက်လှူဒါန်း
ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများ အသုံးပြုရန်နှင့် လူနာစောင့်များ အသုံးပြုရန်အတွက် 
ထားဝယ်မြို့တွင် ရှေးဟောင်းပစ္စည်းများ အပ်နှံခြင်းအတွက်  ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း
ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း ကို ဒီဇင်ဘာ  ၁၀  ရက် နံနက် ၁၀ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ထားဝယ်ဌာနခွဲ)  ယဉ်ကျေးမှုပြတိုက်(ထားဝယ်)၌  ကျင်းပသည်။