လယ်ဝေးမြို့နယ်အတွင်း CERP အစီအစဉ်အရ ငါးမွေးမြူနေသည့် လုပ်ငန်းများကွင်းဆင်းစစ်ဆေး

ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးသည် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်နိုင်ဦး(မွေးမြူရေးဌာနခွဲ)၊ နေပြည်တော်တိုင်းဦးစီးဌာနမှူး ဒေါ်ညိုညိုအေးနှင့် အဖွဲ့ များ လိုက်ပါလျှက် ဒီဇင်ဘာ ၉ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သစ်ခေါက်ခွ ကျေးရွာရှိ ငါးမွေမြူရေးကန်သို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်အား လက်ခံတွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်အား ယနေ့မွန်းလွဲ ၃ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဒိုက်ဦးမြို့နယ်အတွင်း ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ်သင်တန်း ဖွင့်လှစ်
ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒီဇင်ဘာ ၁၀ ရက်တွင် ဒိုက်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများသည် သုံးခွကျေးရွာအုပ်စုတွင် ငါးမွေးမြူသူများအား ဘေး အန္တရာယ်ကင်းရှင်းပြီး အစားအစာဘေး ကင်းလုံခြုံစေရေးနှင့် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်(Good Aquaculture Practice - GAqP) သင်တန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် နှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ 
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည့် အမှာစကား
ယနေ့ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ...........................
ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည့်အမှာစကား
ဒီနေ့ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာကြတဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သံတမန်များ၊ United Nations Office on Drugs and Crime- UNODC၊ United Nations Development Programme- UNDPနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း .............................
ကျိုက်ထိုမြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
ကျိုက်ထိုမြို့နယ်တွင် ဒေါ်ခင်ကြည်‌ဖောင်ဒေးရှင်း‌မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် ပစ္စည်းများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီသို့ ပေးအပ် လှူဒါန်းပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီခွဲက ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပြင်သစ်နိုင်ငံ၏ သမ္မတဟောင်း  Mr. Valery Giscard  d’ Estaing ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး
နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်သည်  ပြင်သစ်နိုင်ငံ၏ သမ္မတဟောင်း  Mr. Valery Giscard  d’ Estaing ကွယ်လွန်သွားသည့်အတွက် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်(၁၀၂) ပြည်ထောင်စုရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်း အထိမ်းအမှတ်စာအုပ်၌ ယနေ့မွန်းလွဲ(၂)နာရီတွင် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးသည်။