နတ်မတောင်အမျိုးသားဉယျာဉ်ရှိ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအား ထိန်းသိမ်း ကာကွယ် လျက်ရှိ
ချင်းပြည်နယ် ကန်ပက်လက်မြို့ရှိ အာဆီယံအမွေအနှစ်ဖြစ်သော နတ်မတောင်အမျိုးသားဉယျာဉ်နှင့် ဆက်စပ်ဧရိယာ၌ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအပင်များ ထိန်းသိမ်းခြင်းကို မြို့နယ်အဆင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီများဖွဲ့စည်း၍ ဒေသခံလူမှုအသင်းအဖွဲ့တို့ဖြင့် ထိန်းသိမ်းကာကွယ်လျက်ရှိကြောင်း သိရ








