မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝိုင်းမော်-ဆဒုံး- ကန်ပိုက်တီကားလမ်း မြေပြို

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သြဂုတ် ၁၈ ရက် ည ၉ နာရီခန့်က ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီ ကားလမ်းသွား မိုင်တိုင်အမှတ် (၃၃/၃၄) ကြား ဆဒုံးလန်န ရေတံခွန်အနီး အလျား ပေ ၁၀၀ ၊ အနံ ပေ ၃၀ ၊ အမြင့် ၁၅ ပေခန့် တောင်ကမ်းပါးပြိုကျခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်  မြိုင်ဇေယျာကျေးရွာတွင် ကျေးရွာလူထုအခြေပြု စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် အသိပညာပေးခြင်း ဆောင်ရွက် 
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် အမှိုက်ကင်းစင်ကျေးရွာ သတ်မှတ်ရန်နှင့် ကျေးလက်နေပြည်သူများ ကျန်းမာရေးသန့်ရှင်းရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကျေးရွာလူထုအခြေပြု စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် အသိပညာပေးခြင်းကို  ယနေ့နံနက် ၈ နာရီတွင် မြိုင်ဇေယျာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။ 
ပုလဲမြို့နယ်၌ အခြေခံလူတန်းစား အိမ်ထောင်စု  ၃၂,၇၁၅ စုအတွက်  ထောက်ပံ့ငွေ ကျပ်၆၅၄,၃၀၀,၀၀၀ သိန်းအား  ပြည်သူ့လက်ဝယ်အရောက် ပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင်  နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလ အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို  စတုတ္ထအကြိမ် ထောက်ပံ့မှုအနေဖြင့် တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀,၀၀၀ ကို ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း ပုလဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင် ထံမှသိရှိရသည်။ 
တောင်ကြီးမြို့၌ ကမ်းလမ်းမေတ္တာဖွံ့ဖြိုးရေးအဖွဲ့အစည်းနှင့် အာရှဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အိမ်တွင်းအကြမ်းဖက်မှုများ လျော့ချရန်အတွက် သင်တန်းဖွင့်
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ထိန်သာဟိုတယ်၌ ယနေ့နံနက် ၉ နာရီခွဲ က ကမ်းလမ်းမေတ္တာ ဖွံ့ဖြိုးရေးအဖွဲ့အစည်းနှင့် အာရှဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အိမ်တွင်းအကြမ်းဖက်မှုများ ‌လျှော့ချရေး သင်တန်းဖွင့်လှစ်ကြောင်း သိရသည်။ 
ဗိုလ်ချုပ်အောင်ဆန်း လွှတ်တော်တက်သည့်ပုံ စကျင်ကျောက် ရုပ်တု မကွေးတိုင်းလွှတ်တော်ဝန်းအတွင်း ထားရှိမည်
တောင်ရှည်ပုဆိုးကို လက်ဖြင့်မကာ ကျက်သရေခေါင်းပေါင်းဖြင့် တိုင်းပြုပြည်ပြု လွှတ်တော်တက်မည့်ဟန် ထုဆစ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ စကျင်ကျောက်ပုံရုပ်တုကို မကွေးတိုင်းလွှတ်တော်ဝန်း အတွင်းတွင် ထားရှိသွားမည်ဖြစ် ကြောင်း တိုင်းလွှတ်တော်ဥက္ကဌ ဦးတာ ထံက သိရသည်။ 
ပြင်သစ်အခြေစိုက် Gret Myanmar INGO က မကွေးစည်ပင်သို့ နှစ် ၃၀ အာမခံ စင်မြင့်ရေလှောင်ကန်တစ်ခု လွှဲပြောင်းပေးအပ်
မကွေးမြို့ ၊ ပြည်တော်သာလမ်း နှင့် သုခတာလမ်းထောင့်ရှိ ကုန်သည်ကြီးများအသင်း နှင့် မျက်နှာချင်းဆိုင်၌ တည်ဆောက်ပြီးစီးခဲ့သည့် ရေဂါလံ ၁၆၀၀၀ဆံ့ နှစ်(၃၀)အာမခံ စင်မြင့်ရေလှောင်ကန်တစ်ခုကို Gret Myanmar INGO က မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း စည်ပင်ကော်မတီဥက္ကဌ ဦးဖိုးနီ ထံက သိရသည်။