ခေါင်လန်ဖူးမြို့နယ်တွင် ကိုးနှစ်ဆက်တိုက် တက္ကသိုလ်ဝင်စာ‌မေးပွဲ အောင်မြင်မှုမရှိခဲ့ရာ ယခုနှစ်တွင် အောင်မြင်သော  ကျောင်းသား/ကျောင်းသူ နှစ်ဦး အားဂုဏ်ပြု

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ကိုးနှစ်ဆက်တိုက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူမရှိခဲ့ရာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်သူ ကျောင်းသား/ကျောင်းသူနှစ်ဦးအား ဂုဏ်ပြုဆုချီးမြင့်ပွဲ အခမ်းအနားကို အထက(ခေါင်လန်ဖူး)တွင် သြဂုတ်၁၈ရက် နံနက် ၁၀နာရီအချိန်က  ကျင်းပခဲ့သည်။
လှိုင်းဘွဲမြို့နယ် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး အစီအစဉ်အရ လေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက်

လှိုင်းဘွဲ    ၁၉      ဩဂုတ် 

 

အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန် အသိပေးနိုးဆော်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှု လျော့ကျစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာ ရောဂါကြိုတင် ကာကွယ်ဆေး HPV(Human Papilloma Virus)ထိုးနှံနိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အသိပေးနှိုးဆော်ထားကြောင်း သိရ
ဖားကန့်၌ သုံးနှစ်အတွင်း ဥရုချောင်းရေ စံချိန်တင်မြင့်တက်ပြီး မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ သုံးနှစ်အတွင်း ဥရုချောင်းရေ စံချိန်တင်မြင့်တက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ဥရုချောင်းဖျား ကံဆီးဒေသ၌ သြဂုတ် ၁၇ ရက်နေ့တွင် စိုးရိမ်ရေမှတ် ၉ ပေ အမြင့်ထက်ကျော်လွန်ကာ မနေ့က ၁၀ ပေအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းမှုကြောင့် ရှင်ဗွေယန်မြို့အထွက် ၉ မိုင် တောင်ကြားလမ်းတွင် တောင်ကမ်းပါးပြိုကျမှု ဖြစ်ပွား
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့နှင့် (၉)မိုင်ခန့်အကွာ လီဒိုလမ်းမကြီး ရှင်ဗွေယန်-နန်းယွန်း တောင်ပေါ်တက်ရာလမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သြဂုတ် ၁၈ ရက် နံနက် ၁၀ နာရီက တောင်မြေ ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် မကူးစက်နိုင်သော ရောဂါများ စောင့်ရှောက်ကုသခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် မကူးစက်နိုင်သောရောဂါများ စောင့်ရှောက်ကုသခြင်း လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။