ပန်းတနော်မြို့၌  ကိုယ်လက်လှုပ်ရှားအားကစား(Myanmar Fitness Dance) သင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊  မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ကိုယ်လက်လှုပ်ရှား အားကစား (Myanmar Fitness Dance) သင်တန်းကို သြဂုတ် ၁၈ ရက်မှ ၂၁ ရက်အထိ နံနက် ၇ နာရီခွဲမှ ၈ နာရီခွဲအထိ ပန်းတနော်မြို့(River View) ပေါ်၌  သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မျိုးစေ့ထုတ် မိုးစပါးများ စုပေါင်းစိုက်ပျိုး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် သပြေပင်ကျေးရွာအုပ်စု၊ နှောရင်းကျေးရွာ၊ ကွင်းအမှတ် ၂၇၂-ခ၊ ဦးပိုင်အမှတ် ၁၀၇ ရှိ တောင်သူ ဦးနန်းဝင်းရွှေ၏ လယ်ကွင်းတွင် ဩဂုတ် ၁၉ ရက်၊ နံနက် ၈ နာရီအချိန်က မျိုးစေ့ထုတ် မိုးစပါးများ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်တွင် Cash For Work စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၁၀၀)ဖြင့် ကျေးရွာ (၁၁)ရွာ၌ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေ
ကိုဗစ်- ၁၉ ကာလကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် Cash For Work စီမံကိန်းရန်ပုံငွေ တစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀)စီ စုစုပေါင်းငွေကျပ်သိန်း (၁၁၀၀) ဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၁)ရွာတို့တွင်
COVID-19 Economic Relief Plan(CERP) အရ လင်းခေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစပါးထုတ်လုပ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ မျိုးစပါးထုတ်လုပ်ရေးလုပ်ငန်း တောင်သူများထံသို့ ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်အတွင်းကျေးရွာများတွင် အခမဲ့ဆေးဝါးကုသခြင်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာအုပ်စု ဆင်တိုးကျေးရွာတွင် အခမဲ့ဆေးဝါးကုသပေးခြင်းများကို သြဂုတ် ၁၇ ရက် နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်အတွင်းရှိ အိမ်မွေ(ခွေး၊ ကြောင်)များ မှတ်ပုံတင်ပြုလုပ်
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်ရှိ ရပ်ကွက်များတွင် မွေးမြူထားသော အိမ်မွေး (ခွေး၊ ကြောင်) များအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် အသား ထုတ်လုပ်ရုံများဌာနမှ  မှတ်ပုံတင်ပြုလုပ်ပေးလျက်ရှိကြောင်း သိရ
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုက္ကိုပင်လဲကျသဖြင့် ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲနှင့် သစ်သီးဆိုင်ခန်း(၄)ခန်း ပျက်စီးမှုဖြစ်ပွား
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ ဆမားလမ်းနှင့် အောင်ဆန်းလမ်းဒေါင့် မြန်မာ့သစ် ထုတ်လုပ်ရေးရုံး၊ ဝန်ထမ်းအိမ်ရာရှိ လုံးပတ်(၄)ပေခန့် အမြင့်ပေ(၃၀)ခန့်ရှိ ကုက္ကိုပင်သည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် ၁၈ ရက် ည ၇ နာရီခန့်က သစ်ပင်ပြိုလဲကျမှု ဖြစ်ပွားခဲ့သည်။