မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လယ်ယာထွက်ကုန်သီးနှံများ ရာသီမရွေး အလွယ်တကူသယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀ -၂၀၂၁ခု ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၁၅ ဒသမ ၁၅ သန်း အသုံးပြုကာ ကျေးရွာလေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်းနှင့် တံတားတစ်စင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရ