အမှတ်(၈၄) စက်မှုလယ်ယာစခန်း ပျဉ်းမနားတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်လှစ်
တောင်သူများအနေဖြင့် စက်ကိရိယာများအား ပိုမိုတိုးတက်သုံးစွဲလာလျက်ရှိရာ စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် တောင်သူများ၏ လုပ်သားရှားပါးမှု ပြသနာဖြေရှင်းနိုင်ရေး၊ ပြောင်းလဲလာသည့် ရာသီဥတု အခြေအနေအရ အချိန်တိုလျင်မြန်စွာ လုပ်ငန်းများပြီးစီးနိုင်ရေးနှင့် သီးနှံအထွက်နှုန်းတိုးပြီး စိုက်ပျိုးကုန်ကျစရိတ် လျော့နည်းသက်သာလာစေရန် ရည်ရွယ်၍ တောင်သူများ လယ်ယာသုံး စက်ကိရိယာများအား စနစ်တကျ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းတတ်စေရန် လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိမ်းသိမ်းမှု အခြေခံသင်တန်း(တောင်သူ) ဖွင့်လှစ်ခြင်းကို သြဂုတ် ၁၇ ရက် နံနက် ၉ နာရီက ပျဉ်းမနားမြို့ အမှတ် (၈၄) စက်မှုလယ်ယာစခန်းတွင် ကျင်းပရာ နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့