မိုးပြောင်းစိုက်ပျိုးသည့် တောင်သူများ ထွက်နှုန်းလျော့သည့်အပြင် ဈေးကွက်မကောင်း၍ အရှုံးပေါ်
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့နှင့် ရေနီမြို့အကြား မိုးပြောင်းကို အဓိက စိုက်ပျိုးသည့် ဆပ်သေကျေးရွာအုပ်စု၊ အလယ်ကျွန်းကျေးရွာ ဝန်းကျင်မှ မိုးရာသီ စားပြောင်းများ စတင် ပေါ်ချိန်တွင် မိုးရွာသွန်းမှုနည်းပါးကာ နေ့အပူချိန်မြင့်တက်ခြင်းနှင့် မျိုးမကောင်းသည့်အတွက် အထွက်နှုန်း လျော့ကျသည့်အပြင် ဈေးကွက်တွင်ရောင်းချရာ၌ ထက်ဝက်မက အရှုံးပေါ်လျက်ရှိကြောင်း ဒေသခံတောင်သူများ ပြန်လည်ရောင်းချသူများထံမှ သိရ