ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် နေပြည်တော်ပတ်ဝန်းကျင်၌ ပြည်တွင်းပြည်ပခရီးသွားများ လည်ပတ်နိုင်ရေး အတွက် ခရီးသွားဆွဲဆောင်မှုများနှင့် ခရီးစဉ်လမ်းကြောင်းများ ဖော်ထုတ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ အလွန်ကာလ ပြည်ထောင်စုနယ်မြေ နေပြည်တော်ပတ်ဝန်းကျင်၌ ပြည်တွင်းပြည်ပခရီးသွားများ လည်ပတ်နိုင်ရေးအတွက် ခရီးသွားဆွဲဆောင်မှုများနှင့် ခရီးစဉ်လမ်းကြောင်းများ ဖော်ထုတ်နိုင်ရေးအတွက် ကွင်းဆင်း လေ့လာကြည့်ရှုကြသည်။





